UThanWin
Sushi အလွယ်လုပ်နည်းလေးဝေမျှပေးပါမည်
လိုအပ်သည့်ပစ္စည်းများ
၁။ရှမ်းဆန် နို့ဆီဘူး ၁လုံး
၂။ကောက်ကြီး နို့ဆီဘူး ၁/၂လုံး
၃။CP ကြက်အူချောင်း ၁ထုပ်
၎။မုန်လာဥနီ ၁လုံး
၅။သခွားသီး ၁လုံး
၆။ကြက်ဥ or ဘဲဥ. ၃လုံး or ၅လုံး
ရ။sushi လုပ်သည့် ရေညှိပြား ၁ထုပ်
၈။sushiလုပ်သည့် ၀ါးရင်းလိပ် ၁ခု
၉။ Mayonnaise. ၃ ဇွန်း
ပထမဦးဆုံး ရှမ်းဆန်၁လုံးနှင့်ကောက်ကြီးဘူးတစ်ဝတ်ရောပြီး
ထမင်းချက်ပါ။
CPကြက်အူချောင်းကိုကြော်ပြီး၁ချောင်းဆီကို ၄စိတ် စိတ်ပါ
ကြက်ဥ၃လုံးကိုမွေပြီး အချပ်ရအောင်ကြော်ပါ၊ကြော်ပြီးကြက်ဥကိုလက်တစ်လုံးစာ
အချောင်းလေးတွေလှီးထားပါ။
မုန်လာဥနီကိုလက်တစ်လုံးစာအချောင်းလေးတွေလှီးပြီး
၂မိနစ်ခန့်ပြုတ်ပါ
သခွားသီးကိုလည်းလက်၁လုံးစာလှီးထားပါ
ထမင်းကျက်လာလျှင်အအေးခံခါးပါ
အအေးခံထားသောထမင်းကို Mayonnaiseနှင့်ရောနယ်ပါ။
Sushiလုပ်ဝါးရင်းလိပ်ပေါ်တွင်ရေညှိပြားကိုတင်ပါ
ပြီးလျှင်ထမင်းတင်ပါကြက်အူချောင်း၂စိတ်ထည့်ပါ
မုန်လာဥနီ၂ချောင်းထည့်ပါ ကြက်ဥကြော်၂ခုထည့်ပါ
သခွားသီး၁ချောင်းထည့်ပါ ပြီးလျှင်စတင်လိပ်ပါ
ကျစ်၂လစ်၂လေးဖြစ်အောင်တင်း၂ဆွဲပြီးလိပ်ပါ
အလွန်လှပတဲ့ Sushiရေညှိထမင်းလိပ်ကိုရရှိပါလိမ့်မည်
ဓားဖြင့်လှီးပြီး မိမိကြိုက်နှစ်သက်ရာ sauceဖြင့်တွဲသုံးဆောင်နိုင်ပါပြ်ီး။
ကျွန်တော်၏sushiပြုလုပ်ပုံနည်းကိုဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် Aung 29.5.2016
I like is Blog
ReplyDelete